
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ “မြမြင့်မိုရ်” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကုန်စည်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မုန့်ဟင်းခါးဖတ်များကို တာရှည်ခံစေသည့် ဖော်မလင် ဆေးများအသုံးမပြုရန် အသိပညာပေးတိုက်တွန်းခဲ့ပြီး MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေကြေးရင်းနှီးမြှုပ်နှံ ထားရှိမှု၊ လုပ်သားအင်အား အသုံးပြုမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေ၊ ကုန်စည်အပေါ် အကျိုးအမြတ် ရရှိမှု၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များ အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှု၊ ကုန်စည်အပေါ်တာဝန်ရှိမှုနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)