ဘိုကလေးမြို့ ပြန်/ဆက် ဦးစီးဌာနရုံး၌ စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်သူပြည်သူ (၁၈) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ပက်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့် အချက်များ၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသား ဖော်ပြ ချက်များ ပါဝင်နေပြီး စားသုံးသူများ ရွေးချယ်ဝယ်ယူနိုင်ကြောင်း၊ ကုန်စည်ဝန်ဆောင်မှုများ ကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်နှင့် ရုံးချုပ်များတွင် ဖွင့်လှစ်ထားရှိပါကြောင်း Call Centre 1535 မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)