ညောင်တုန်းမြို့နယ်တွင် ပြည်သူများအား သက်သာသောဈေးဖြင့် ဆန်၊ ဆီ၊ ကြက်ဥ ရောင်းချ

Powered by Drupal

    (၁၃-၆-၂၀၂၅)ရက်နေ့ နံနက် (ဝ၈:ဝဝ) ချိန်မှ (၁ဝ:ဝဝ) ချိန်ထိ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အများပြည်သူများအားအခြေခံ စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရေး မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့် လုပ်ငန်းရှင်များပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်၊ (၂၁) လမ်းထိပ်၊ စားသုံးသူရေးရာဦးစီးဌာန ရုံးရှေ့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။

    ရောင်းချရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ မြို့နယ်ရုံးမှ ဝန်ထမ်းများ အလှည့်ကျစနစ်ဖြင့် ရပ်ကွပ်ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို စတစ်တကျစိစစ်၍ ဆန်အိတ်(၁၅)အိတ်၊ ဆီ(၁၁၀)ပိသာ၊ ကြက်ဥ ပလုံး ၅၀၀၀ ကို နေ့စဉ် ပြည်သူများအား သက်သာသောဈေးဆန် ၁ပြည် ၂၀၀၀ကျပ်ဦ ဆီ ၁ပိဿာ ၆၆၈၀ကျပ်၊ ကြက်ဥ ၁လုံး၃၀၀ကျပ်ဖြင့် ဇွန်လဆန်းမှစ၍ တစ်ပါတ်လျှင် ၆ရက် တိတိ နေ့စဉ် ရပ်ကွက်၊ ကျေးရွာ၊ ပြည်သူများသွားလာရာနေရာများတွင် စတစ်တကျ တန်းစီစနစ်ဖြင့် လူတိုင်းဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ကြီးကြပ်၍ ရောင်းချပေးနေကြောင်း သိရသည်။

DOCA(ဧရာဝတီ)