ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးတွင် ရောင်းချနေသော Sprite အချိုရည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် (၁၅.၆.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀) အချိန်တွင် ငပုတော မြို့နယ် မြို့မဈေးတွင်  ရောင်းချနေသော Sprite အချိုရည်ဘူးများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု  ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ မြို့မဈေးတွင်ရောင်းချနေသော Sprite အချိုရည်ဘူးများအား ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သောအစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)