ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် သာပေါင်းမြို့နယ်တာဝန်ခံရုံး၌ ကွင်းပေါက်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာမှ ဦးရဲဇော်မျိုး၏ (ဆီစက်သေး) အသစ်တည်ဆောက်ပြီးစီးမှုအား လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဆီစက်၏ လုပ်ငန်းလိုင်စင်၊ စက်မှုကြီးကြပ်မှတ်ပုံတင်များ ပြည့်စုံစွာဆောင်ရွက်ထားရှိရန်၊ ထုတ်လုပ်မှုအရည်အသွေး ကောင်းမွန်စေရန်နှင့် လုပ်သားများ ဘေးအန္တာရာယ်ကင်းရှင်းစေရန် စိတ်ချလုံခြုံရသော စက်ကိရိယာများ ရွေးချယ်သုံးစွဲရန် ဆီစက်မှ ဆီထွက်ရှိနှုန်း၊ တစ်နေ့ပျှမ်းမျှကြိတ်ခွဲနိုင်မှု၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)