
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျ ဆင်းရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မအူပင်မြို့နယ် အသီးသီးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်း၍ အခြေခံဈေးနှုန်းများ တည်ငြိမ်မှု ရှိစေရေးအတွက် တိုင်းဒေသကြီး လမ်းညွှန်မှုနှင့်အညီ ၁၅-၆-၂၀၂၅ ရက်နေ့မှ စတင်၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပြီး အရှိန်အဟုန်မပျက်စေရေး ဆောင်ရွက်လျက်ရှိသည်။
ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အပါတ်စဉ် ရောင်းချမည့် ဆန်/ဆီ/ကြက်ဥ/ဘဲဥများကို ကြက်ခြံမွေးမြူရေး လုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင်များနှင့် အတူ ကြိုတင်စီမံဆောင်ရွက်ရေးဆွဲလျက်ရှိရာ မအူပင်မြို့နယ်မှ ဆန် ၁၅အိတ်၊ ဆီပိဿာ ၂၀၀၊ ကြက်ဥ အလုံး၅၀၀၀ကို လည်းကောင်း၊ ပန်းတနော်မြို့နယ်မှ ဆန်၁၀အိတ်၊ ဆီပိဿာ၁၁၀၊ကြက်ဥ ၁၅၀၀လုံး၊ ညောင်တုန်းမြို့နယ်မှ ဆန်၁၀အိတ်၊ ဆီပိဿာ၁၁၀၊ ကြက်ဥ ၁၀၀၀လုံး၊ ဓနုဖြူမြို့နယ်မှ ဆန်၁၅အိတ်၊ ဆီ၁၁၀ပိဿာ၊ ကြက်ဥ၁၀၀၀လုံး၊ ဘဲဥ ၅၀၀လုံး၊ တို့ကို အပါတ်စဉ် တနင်္လာမှ သောကြာနေ့အထိ နေ့စဉ် ခွဲတမ်းပစ္စည်းများအတိုင်း ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာများသို့ တင်ပြပြီး ရောင်းချခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)