ဆေးလိပ်၊ ဆေးရွက်ကြီး ပစ္စည်းများ စံသတ်မှတ်ချက်နှင့်အညီ ထုတ်ပိုးရောင်းချမှု ရှိ-မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော ကွမ်းစားဆေး အမျိုးအစားဖြစ်သည့် ဆေးလိပ်၊ ဆေးရွက်ကြီး ပစ္စည်း များနှင့် စပ်လျဉ်း၍ စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးရောင်းချမှု ရှိ-မရှိကို စစ်ဆေးဆောင်ရွက်လျက်ရှိရာ မြို့နယ် အစား သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူ   မအူပင်မြို့၊ ကမ်းနားလမ်း၊ မင်းလမ်း၊ ရေလဲလမ်း ပေါ်အတွင်း ကွမ်ရွက်ကြီး၊ ဆေးလိပ်၊ ဆေးရွက်ကြီးများ ရောင်းချနေသော ဆိုင်(၁၀)ဆိုင် သို့သွားရောက်၍ တို့နှင့်အတူ ၁၆-၆-၂၀၂၅ ရက်နေ့ (၀၉၀၀)နာရီ အချိန်က ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။

     စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်မြို့နယ် စစ်ဆေးရေးအရာရှိ ‌ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးက ကွမ်းသီးနှင့် ဆေးရွက်ကြီး၊ ကွမ်းရွက်ကြီး၊ ရောင်းချသော ဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကျန်းမာရေးဦးစီးဌာန၏ ဆေးလိပ်၊ ဆေးရွက်ထွက် ပစ္စည်းအမျိုးမျိုးတွင် သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ဈေးကွက်အတွင်း စံသတ်မှတ်ချက်နှင့်အညီ ထုတ်ပိုးခြင်း၊ ကျန်းမာရေး သတိပြုရုပ်ပုံများ၊ စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်နှင့်အညီ လိုက်နာဆောင်ရွက် ရောင်းချထုတ်ပိုးထားရှိမှု ရှိ-မရှိ၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်အလက်ပါဝင်ခြင်း ရှိ-မရှိကို စစ်ဆေးခဲ့ကြပြီး အမိန်ပါ သတ်မှတ်ချက်နှင့် မညီသော ကုန်စည်များရှိပါက ဆိုင်ရှင်များကို သိရှိလိုက်နာနိုင်ရန်အတွက် ပညာပေး ပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်ရန်အတွက် အမိန့်ပါ ဥပဒေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)