
(၁၆-၆-၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် အမှတ်(၂) ဈေး၊ သာကေတမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်(၃)ဆိုင်သို့ သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များသတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်နှင့် ဈေးကစားရန် အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး ၊ ထိုသို့ ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)