
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ တွံတေးစည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ရောင်းချနေသော ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှို ဇွန်လ (၁၇)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ တွံတေးစည်ပင်သာယာ ဈေးအတွင်း/အပြင်ရှိ စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူးရောင်းချနေသော ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံကာ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်သော် လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ဖော်ပြပါရှိရမည့်အချက်များရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားမပါရှိသည့် ကုန်စည်များရောင်းချခြင်းများမပြုလုပ်ကြရန် ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)