
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ ဒုတိုင်းဦးစီး မှူး၊ ဦးစီးအရာရှိများ၊ ဦးစီးမှူးများ၊ ဒုဦးစီးမှူးများ၊ အကြီးတန်းစာရေးများ၊ အငယ်တန်းစာရေးများ သည် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့ညနေပိုင်းများတွင် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ရွတ်ဆိုကာ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များဖြစ်သော ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်တို့မှ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်း များသည်လည်း အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ညနေပိုင်းများတွင် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ရွတ်ဆိုကာ နိုင်ငံတော်အလံကို အလေးပြုလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)