ပထမဆုံးလွတ်လပ်သောကုန်သွယ်မှုဇုန်အားဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင်ထူ‌ထောင်မည်

Powered by Drupal

          ဗီယက်နမ်အစိုးရသည် နိုင်ငံအလယ်ပိုင်း Da Nang မြို့၌ ပထမဆုံးလွတ်လပ်သော ကုန်သွယ်မှုဇုန်တည်ထောင်ရန်အတည်ပြုလိုက်ကြောင်း ပြည်တွင်းမီဒီယာ Vn Express က ဇွန်လ ၁၆ ရက်နေ့တွင်ဖော်ပြခဲ့သည်။

          အဆိုပါဇုန်သည် အာရှ-ပစိဖိတ်ဒေသရှိ အဓိက စီးပွားရေးထောက်ပံ့ပို့ဆောင်‌ရေးနှင့် နည်းပညာဆိုင်ရာ အချက်အချာနေရာဖြစ်လာရန်မျှော်လင့်ထားကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။ ရေရှည်တွင် Da Nang လွတ်လပ်သောကုန်သွယ်မှုဇုန်သည် ကမ္ဘာလုံးဆိုင်ရာ နှင့်ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များတွင် အဓိကချိတ်ဆက်မှု ရှိသော နေရာဒေသတစ်ခု အဖြစ်ဆောင်ရွက်သွား ရန်ရည်မှန်းထားကြောင်းသိရသည်။ အစီအရင်ခံစာအရလက်ရှိတွင် Da Nang သည် နည်းပညာမြင့်ပန်းခြံ၊ ရေနက်ဆိပ်ကမ်း၊ နိုင်ငံတကာလေဆိပ်နှင့်တိုးပွားလာသော ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တို့ကို တစ်ပြိုင်နက်တည်း တည်ရှိမည့် ဗီယက်နမ်မြို့တော်ဖြစ် လာမည်ဖြစ်သည်။

DOCA(ရန်ကုန်)