
ဥရောပကော်မရှင်သည် ၂၀၂၇ ခုနှစ်အကုန်တွင် ဥရောပသမဂ္ဂသို့ ရုရှားသဘာ၀ဓာတ်ငွေ့ နှင့် ရေနံတင်သွင်းမှုအားလုံးကို ရပ်ဆိုင်းရန် ဇွန်လ ၁၇ ရက်နေ့က အဆိုပြုခဲ့သည်။ ကော်မရှင်၏ REPowerEU လမ်းပြမြေပုံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော စည်းမျဉ်းမူကြမ်းသည် ရုရှားဓာတ်ငွေ့ အတွက် စာချုပ်အသစ်များကို ဇန်နဝါရီ ၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ နိဂုံးချုပ်ထားပြီး လက်ရှိကာလ တိုစာချုပ်များကို ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်နေ့ တွင် ရပ်စဲရန် ပြဌာန်းထားသည်။ ရုရှားနိုင်ငံမှ ပေးသွင်းသူများနှင့် နှစ်ရှည် ဓာတ်ငွေ့ပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စာချုပ်များကို ၂၀၂၇ နှစ်ကုန်အထိသာ လည်ပတ်ခွင့်ပြုမည်ဖြစ်သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများသည် ရုရှား ဓာတ်ငွေ့နှင့် ရေနံတင်သွင်းမှုများကို ဖြည်းညှင်းစွာ ပပျောက်ရေးအတွက် တိကျသော အစီအမံ များနှင့် မှတ်တိုင်များနှင့်အတူ ကွဲပြားသည့် အစီအစဉ်များကို တင်ပြရန် လိုအပ်သည်ဟု ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများသည် ပွင့်လင်းမြင်သာမှုနှင့် ခိုင်ခံ့မှု အားကောင်းစေရန် LNG တင်ပို့မှုအပါအဝင် ရုရှားဓာတ်ငွေ့ပမာဏနှင့် စာချုပ်ပါတာဝန် ဝတ္တရား များအကြောင်း အစီရင်ခံတင်ပြရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်သည် ရုရှားရေနံ တင်သွင်းမှုကို အဆုံးသတ်ရန်အတွက် ၂၀၂၇ နောက်ဆုံးရက်ကို သတ်မှတ်ပေးထားကြောင်းသိရ သည်။
DOCA(ရန်ကုန်)