FLBA အစည်းအဝေးမှတစ်ဆင့် ကမ္ဘောဒီးယားနှင့် အရှေ့တီမောတို့ ကုန်သွယ်ရေးချိတ်ဆက်မှု အရှိန်မြှင့်တင်မည်

Powered by Drupal

            ကမ္ဘောဒီးယားနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန၏ အတွင်းရေးမှူး Tith Rithipol သည် အရှေ့တီမောနိုင်ငံမှ Future Leaders for ASEAN (FLBA) ၏ ပရိုဂရမ်မှ ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံခဲ့ကြောင်းသိရပါသည်။ အစည်းအဝေးအတွင်း Rithipol က ကမ္ဘောဒီးယားနှင့်အရှေ့တီမောအကြား အပြန်အလှန်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အသားပေးပြောကြားခဲ့ပြီး အထူးသဖြင့် ကမ္ဘောဒီးယားဆီးနိတ်လွှတ်တော်ဥက္ကဌ Hun Sen ၏ အ‌‌ရှေ့တီမောသို့အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံကြားဆက်ဆံရေးကိုဆက်လက်မြှင့်တင်‌ပေး နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် Rithipol က အရှေ့တီမောကိုယ်စားလှယ်အဖွဲ့၏ နားလည်သဘောပေါက်မှုဆက်လက်မြှင့်တင်ရန်အတွက် ကုန်သွယ်ရေးကဏ္ဍနှင့်ဆက်စပ်သည့် မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းများကို ဝေမျှခဲ့ကြောင်း သိရပါသည်။

Khmer Times                                                                             DOCA (ရန်ကုန်)