၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး သည် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီး မှူး၊ မင်းဘူးခရိုင်ဦးစီးမှူးတို့လိုက်ပါလျှက် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း/ဆင်ဖြူကျွန်း မြို့နယ်များရှိ ကုန်သည်/ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံပွဲကို ကုန်စည်ဒိုင်အသင်းအဖွဲ့များ ရေရှည်တည်တံ့ခိုင်မြဲ၍ ဒေသဖွံ့ဖြိုး တိုးတက်ပြီး ပို့ကုန်များ တိုးတက်လာစေရန်၊ မြို့နယ်အသီးသီးရှိ ကုန်သည်များ စက်မှုလက်မှု လုပ်ငန်းရှင်များမှ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း တွင် ပါဝင်၍တိုင်းအဆင့် ကုန်သည်/စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို ကျစ်လျစ်ခိုင်မာပြီး အားကောင်းသော အသင်းဖြစ်လာစေရေး ကုန်သည်လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရပါသည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ ပြည်သူများအတွက် အဓိက စားဝတ်နေရေးသည် အရေးအကြီးဆုံးအချက်ဖြစ်ပြီး ကျေးလက်ဒေသ လူနေမှုအဆင့် အတန်းမြင့်မားရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့သည် ကုန်သည်/စက်မှုလက်မှုလုပ်ငန်းရှင်များ အပေါ်တွင် မူတည်ပါကြောင်း၊ ဒေသအာဏာပိုင်အဖွဲ့များသည် ကျေးရွာများအားလုံးသို့ မရောက်နိုင်၊ မသိရှိနိုင်ကြောင်း၊ ကုန်သည်ပွဲစားများသည် နယ်ပယ်အရပ်ရပ်ရှိ တောင်သူများနှင့် သီးနှံအရောင်း အဝယ်ပြုလုပ်ရာတွင် အမြဲထိတွေ့ဆက်ဆံနေရ၍ ပို၍ရင်းနှီးမှုရှိကြောင်း၊ ဒေသအကြောင်းသိလို လျှင် ကုန်သည်ပွဲစားများမှတစ်ဆင့် သိရှိနိုင်ပါကြောင်း၊ ဒေသတွင်းစိုက်ပျိုးထွက်ရှိမှု၊ ရောင်းဝယ် ဖောက်ကားမှု ဈေးနှုန်းဈေးကွက်အခြေအနေများကို တစ်နေရာထဲတွင် တစ်စုတစ်စည်းတည်း ရယူပေးနိုင်ရန်အတွက် အလွှာအသီးသီးမှပါဝင်သော ကုန်သည်/စက်မှုအသင်းကြီးရှိဖို့ လိုအပ်ပါ ကြောင်းနှင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ (၁၀)ဦး၊ ကုန်သည်စက်မှုလုပ်ငန်းရှင်များ (၄၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)