ကရင်ပြည်နယ်ဒေသထွက် ဒညင်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ ဒေသထွက် ဒညင်းသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

  မိုးဦးကျတဲ့အချိန်မှာ ပေါ်လာတတ်တဲ့ ဒညင်းသီးကို မြန်မာလူမျိုး တော်တော်များများ သဘောကျ နှစ်သက်ကြပါတယ်။ ဒညင်းသီးကို အတို့အမြှုပ်အနေနဲ့ပဲဖြစ်ဖြစ်၊ ဟင်းချက်ပြီးဖြစ်ဖြစ်၊ ဆားရည် စိမ်ပြီးပဲဖြစ်ဖြစ် စားသုံးကြပါသည်။ သဲမြေထဲမှာ အပင်ဖောက်ပြီး ဒညင်းဝက်လုပ်စားကြသူများ လည်းရှိကြပါသည်။ ဒညင်းသီးမှာ အဆိပ်အတောက် အနည်းငယ်ပါဝင်ပါသည်။ ဒညင်းသီးမှာ အမိုင် နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ djenkolic acid ပါဝင်နေသည်။ ထိုအက်ဆစ်က ဒညင်းသီး အဆိပ်တတ် တာကို ဖြစ်စေနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။

   ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ ဒေသထွက် ဒညင်းသီးလက်လီဈေးနှုန်းမှာ ဒညင်းသီး အလုံးအသေး ၁လုံးလျှင် (၅၀)ကျပ်၊  ဒညင်းသီး အလုံးအကြီး ၁လုံးလျှင် (၁၀၀)ကျပ် နှင့် လက်ကား ဈေးနှုန်းမှာ ဒညင်းသီး အလုံးသေး (၁၀၀)လျှင် (၄၀၀၀) ကျပ်၊ ဒညင်းသီး အလုံးကြီး (၁၀၀)လျှင် (၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(ကရင်)