သာစည်မြို့နယ်၌ မိုးကြိုဝါ စိုက်ဧကတိုးလာ

Powered by Drupal

             ပြည်တွင်းဈေးကွက်သာမက ပြည်ပဝယ်လိုအားကောင်းသောဝါကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် စိုက်ပျိုးဖြစ်ထွန်းရာ ယခုနှစ်(၂၀၂၅-၂၀၂၆)စိုက်ပျိုးရာသီ၌ မိုးကြိုဝါကို (၁၂၂၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရ သိရသည်။

            မိုးကြိုဝါကို သာစည်မြို့နယ်တွင် ဉာဏ်ကန်အုပ်စု၌ (၂၅၀)ဧက၊ နှမ်းကန်အုပ်စုတွင် (၁၀၅) ဧက၊ အောင်သာအုပ်စုတွင် (၃၃၅)ဧက၊ မကျီးကန်အုပ်စုတွင် (၁၆၀)ဧက၊ ဇီးပင်ပေါက်အုပ်စုတွင် (၁၉၀)ဧက၊ ရွာမွန်သာအုပ်စုတွင် (၁၈၀)ဧက၊ စုစုပေါင်း (၁၂၂၀)ဧက စိုက်ပျိုးထားပြီး ယခင်နှစ် မိုးကြိုဝါ စိုက်ဧကမှာ (၃၀၃)ဧကရှိသဖြင့် ယခင်နှစ်ထက် (၄)ဆ ကျော် ပိုမို စိုက်ပျိုးနိုင်ကြောင်း သိရသည်။

          မိုးကြိုဝါကို ဧပြီလက စိုက်ပျိုးခဲ့ပြီး ဇူလိုင်လတွင် ကောက်သိမ်းလေ့ရှိရာ မကြာမီကာလတွင် ကောက်သိမ်းနိုင်တော့မည်ဟု တောင်သူများထံမှသိရသည်။ မိုးကြိုဝါမှာ စိုက်ပျိုးမှုနည်းပါသဖြင့် မိုးကြိုဝါသီးနှံ ဈေးကွက်ဝင်ရောက်သည့် ကာလမှာလည်း အစောဆုံးဖြစ်၍ ဈေးကောင်းလေ့ရှိပါ သည်။ လက်ရှိအချိန်တွင် ဝါသီးနှံမှာ ဈေးကွက်၌ လက်ကျန်မရှိဘဲပြီးခဲ့သည့် မိုးကြိုဝါရာသီချိန်က တစ်ပိဿာလျင် ၃၀၀၀/- ၊ ၃၅၀၀/- ရရှိခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)