
မိတ္ထီလာမြို့နယ်တွင် လယ်ယာထွက်ကုန်သီးနှံများအနက် ပြည်ပဝယ်လိုအားကောင်း သော ပဲစင်းငုံကို နှစ်စဉ်စိုက်ပျိုးမှုရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအတွက် (၇၂၄၄) ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်းသိရသည်။
ပဲစင်းငုံကို သီးသန့်၊ သီးညှပ်စိုက်ပျိုးနိုင်ရာ သီးသန့်စိုက်ပျိုးမှုနည်းပြီး သီးညှပ်အနေဖြင့် ဝါ၊ နှမ်း တို့နှင့် ရောနှောစိုက်ပျိုးလေ့ရှိသည်။ ပဲစင်းငုံမှာ သွင်းအားစုနည်းပြီး အခြားသီးနှံများထက် ကုန်ကျ စရိတ် သက်သာကာ ဒေသရာသီဥတုနှင့်သင့်လျော်သည့်အတွက် နှစ်စဉ်စိုက်ပျိုးခြင်းဖြစ်သည်။ စိုက်ပျိုး ရာတွင်မြေခံ မြေဩဇာအနေဖြင့် နွားချေးကို အဓိကထားသုံးစွဲပြီး၊ ထယ်ထွန်ခမှ (စက်ထယ်) တစ်ဧက လျှင် (၅၀၀၀၀-၆၀၀၀၀) ကျပ်မျိုးစေ့ (ငုံနီသေး) တစ်ပြီလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့် လေးပြီအတွက် (၂၀၈၀၀) ကျပ် ကုန်ကျပြီး၊ နွားချေးတစ်စီးလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် နှစ်စီး (၃၀၀၀၀) ကျပ်အပါအ ဝင် စိုက်ပျိုးခြင်းအတွက် ကုန်ကျစရိတ်မှာ တစ်ဧက (၂၀၀၀၀၀) ကျပ်ခန့်ရှိပါသည်။ ရိတ်သိမ်းချွေလှေ့ ရာတွင် လုပ်သားခမှာတစ်ဦးလျှင် ယခင်နှစ်ကတစ်ရက် (၇၀၀၀) ကျပ်ရှိခဲ့ရာမှ ယခုနှစ် (၈၀၀၀) ကျပ်ရှိ သဖြင့် တစ်ဧက စုစုပေါင်းကုန်ကျစရိတ်ကို (၂၅၀၀၀၀) ကျပ် ကုန်ကျခဲ့ရာ ယခုနှစ် (၃၀၀၀၀၀) ကျပ် ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ ယခင်နှစ်က တစ်ဧကလျှင် ခုနှစ်တင်းကျော် ထွက်ရှိခဲ့ပြီး၊ တစ်တင်းရောင်းဈေးမှာ (၉၀၀၀၀) ကျပ်ရရှိခဲ့သဖြင့် တောင်သူအကျိုးအမြတ်ရှိခဲ့ရာ ယခု နှစ်တွင်လည်း အကျိုးအမြတ်ဆက်လက်ရရှိမည်ဟု မျော်မှန်းထားကြောင်း တောင်သူများထံမှ သိရသည်။
မိတ္ထီလာမြို့နယ်အနေဖြင့် ပဲစင်းငုံကိုပြီးခဲ့သည့်နှစ်က ရာသီကုန်စိုက်ဧကမှာ (၃၆၃၄၆) ဧက ရှိ ကြောင်း မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။
DOCA(မန္တလေး)