ကျိုက်လတ်မြို့ရှိ ကုန်စုံဆိုင်များတွင် ဘူးဆီများကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့၊  နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဘူးဆီများအား FDA ထောက်ခံချက် ပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးနှင့် မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိပြီး FDA ထောက်ခံချက်အမှတ်များပါဝင်မှုရှိသည်ကိုလည်း တွေ့ရှိရပါသည်။ထို့နောက် မြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ မပါဝင်သော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အကြံပြုခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)