
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိများသည် မြင်းခြံခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြင်းခြံမြို့၊အမှတ်(၄)အခြေခံပညာ အထက် တန်းကျောင်းမုန့် ဈေးတန်းတွင်ရောင်းချသော မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှုရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့် စားသုံးသူကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန် ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကို သာရောင်းချရန် စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)