
မိတ္ထီလာမြို့အတွင်းရှိ ဖုန်းဆင်းကဒ်အရောင်းဆိုင်များအား မန္တလေးတိုင်းဒေသကြီး ဆက်သွယ် ရေးဦးစီးဌာနမှဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ (MPT ၊ Ooredoo၊ ATOM ၊ Mytel) တာဝန်ခံ များပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၉.၆.၂၀၂၅) ရက် နံနက် (၁၀) နာရီအချိန်တွင် မိတ္ထီလာမြို့ရှိ Mobile Phone အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆင်းကဒ်များအား ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟိန်း၊ ကိုဒီးဒီး၊ ကံလင်း၊ မူဆယ် Mobile အရောင်းဆိုင်များ အားစစ်ဆေးခဲ့ရာ အရောင်းဆိုင်များမှ ရောင်းချသော ဆင်းကဒ်များသည် ဆက်သွယ်ရေးလုပ်ငန်းများ နှင့် ချုပ်ဆိုထားသော စာချုပ်များရှိ/မရှိ၊ မှတ်ပုံတင်ပြီးထားသော ဆင်းကဒ်များ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)