ထိုင်းနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ဒူးရင်းပွဲတော် ကျင်းပ

Powered by Drupal

             ထိုင်းနိုင်ငံ တောင်ပိုင်း ချမ်ဖွန်ခရိုင်တွင် ဒူးရင်းသီး ပွဲတော်ကို ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပ ခဲ့ပြီး ထိုင်းဒူးရင်းများ၏ အရည်အသွေးကိုပြသကာ တရုတ်ဈေးကွက်သို့ ပိုမိုအရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များ မြှင့်တင်ပို့ဆောင်ရန် ရည်ရွယ်၍ ကျင်းပခဲ့သည်။ ဒူးရင်းရိတ်သိမ်းခြင်း၊ ဒူးရင်း၊ သရက်သီးနှင့် အခြားလယ်ယာထွက်ကုန် ပြပွဲများအပါအဝင် အခမ်းအနားအတွင်း ချမ်ဖွန် ပြည်နယ် အုပ်ချုပ်ရေးမှူး Thienchai Chukittiwiboon က ချမ်ဖွန် ၏ဒူးရင်းခြံတွင် ဒူးရင်းသီးကို ဓားဖြင့်လှီးဖြတ်ကာ ၂၀၂၅ ခုနှစ် ချမ်ဖွန် ဒူးရင်းသီးရာသီ စတင်ခြင်း ကို အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ သည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြီးဆုံးဒူးရင်းစိုက်ဧရိယာ ဖြစ်သောကြောင့် ချမ်ဖွန် ၏သဘာဝ အခြေအနေများသည် အပူပိုင်းဒေသအသီးအနှံ များ ကြီးထွားမှုအတွက် သင့်လျော်ကြောင်း၊ ဒေသခံ တောင်သူလယ်သမားများ သည် ဒူးရင်းစိုက်ပျိုး ရာတွင် အတွေ့အကြုံကြွယ်ဝပြီး ခေတ်မီနည်းပညာကို ကျင့်သုံးသောကြောင့် ချမ်ဖွန် ဒူးရင်း သည် အရသာကောင်းမွန်ပြီး အရည်အသွေးကောင်းမွန်သော ကြောင့် ကျော်ကြားသည်ဟု ချမ်ဖွန် ခရိုင်စိုက်ပျိုးရေးမှူး Suban Rakthong က ပြောသည်။ မေလမှ ဒီဇင်ဘာလအထိ အသီးရာသီတွင် ဘတ် ၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၁၉.၈ သန်း) ဖြင့် ၂၀၂၅ ခုနှစ်တွင် ပြည်နယ်အတွင်း ဒူးရင်းတန်ချိန် ၃၀၀,၀၀၀ ကျော် ထွက်ရှိမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။ အစိုးရဌာနများနှင့် သစ်သီးစိုက်တောင်သူများ အနေဖြင့် စိုက်ပျိုးရေးအလေ့ အကျင့်များ အသိအမှတ်ပြုလက်မှတ်နှင့် စိုက်ပျိုးခြင်းလုပ်ငန်းစဉ် စံချိန်စံညွှန်းများကို လိုက်နာ ခြင်းဖြင့် ဒူးရင်းအရည်အသွေးကောင်မွန်မှု သေချာစေရန် လက်တွဲဆောင်ရွက်ခဲ့ကြောင်း Thienchai မှ ပြော ကြားခဲ့သည်။ ချမ်ဖွန်သည် ထိုင်းနိုင်ငံ၏ ဒူးရင်းတင်ပို့ဖြန့်ဖြူးမှုအတွက် အရေးပါသော ဒေသတစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံမှ ဒူးရင်းများကို အများဆုံး တင်သွင်းလျှက်ရှိသည်။ ဤပွဲမှတစ်ဆင့် တရုတ်နိုင်ငံတွင် ထိုင်းဒူးရင်း၏ လူကြိုက်များမှုကို ပိုမို တိုးတက်စေမည်ဟု မျှော်လင့်ကြောင်း၊ သို့မှ သာ တရုတ်စားသုံးသူများ ထိုင်းလယ်ယာ ထွက်ကုန်များ ပိုမိုသိရှိနိုင်စေမည် ဖြစ်သည်ဟု Thienchai ကပြောသည်။ Songkhla ရှိ တရုတ် ကောင်စစ်ဝန်ချုပ် Wang Zhijian က တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ နှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေရန်နှင့် တရုတ်စားသုံးမှု အဆင့်မြှင့် တင်ခြင်းဖြင့် အရည်အသွေးမြင့် ထိုင်းလယ်ယာထွက်ကုန်များ တင်သွင်းမှုကို တိုးချဲ့သွားရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့သည်။ ဒူးရင်းအရည်အသွေး ထိန်းချုပ်မှု သေချာစေရန် နှစ်ဖက်စလုံးက ပူးပေါင်း ဆောင်ရွက်ကြရန် မျှော်လင့်ထားပြီး သို့မှသာ အရည်အသွေးကောင်းမွန်သော ထိုင်းဒူးရင်းသည် တရုတ်တို့အတွက် စားပွဲတင်စားဖွယ်ဖြစ်လာမည်ဖြစ်သည်။ ထိုင်းနိုင်ငံတောင်ပိုင်း ဒူးရင်းနှင့် သရက် သီးကဲ့သို့သော အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံ လက်တွေ့ကျ သော ပူးပေါင်းဆောင်ရွက်မှုကို တောက်ပြောင်စေမည်ဖြစ်သည်။

Source : Xinhua

DOCA(ရန်ကုန်)