ဩစတေးလျနိုင်ငံ၏ စိုက်ပျိုးထုတ်ကုန်တင်ပို့မှု ဈေးကွက်မှာ ၂၀၂၄–၂၀၂၂၅ ခုနှစ်အတွင်း၌ ၄% လျော့နည်းနိုင်သည်ဟု ABARES မှ ခန့်မှန်း

Powered by Drupal

    ဩစတေးလျနိုင်ငံသည် ၂၀၂၄–၂၀၂၅ ခုနှစ်အတွင်း၌ စိုက်ပျိုးထုတ်ကုန်တင်ပို့မှု တန်ဖိုးသည် ယခင်နှစ်များထက် (၄%) လျော့နည်း၍ အမေရိကန် ဒေါ်လာ ၇၃.၁ ဘီလီယံ အထိရောက်ရှိနိုင်မည်ဟု ဩစတေးလျနိုင်ငံ၏ စိုက်ပျိုးရေးနှင့် သယံဇာတဆိုင်ရာ စီးပွားရေးသုံးသပ်ချက်များအတွက် အရေးပါဆုံး အကြံပေးသုတေသနအဖွဲ့ဖြစ်သည့် BARES (Australian Bureau of Agricultural and Resource Economics and Sciences) မှ ခန့်မှန်းထားကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။

   ရာသီဥတုဖောက်ပြန်မှုဓ ဈေးကွက်မတည်ငြိမ်မှုနှင့် တင်ပို့မှုအခက်အခဲများကြောင့် စိုက်ပျိုးထုတ်ကုန်တင်ပို့မှု တန်ဖိုးလျော့နည်းနိုင်သည်ဟု ခန့်မှန်းထားသော်လည်း၊ ကြက်ဥ၊ အသားနှင့် နို့ထွက်ကုန်များ ကဲ့သို့သောထုတ်ကုန်များတွင် တဖြည်းဖြည်း တိုးတက်လာနိုင်သည်ဟု BARES မှ ထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါတယ်။

DOCA(ဧရာဝတီ)