
၂၀၂၅ ခုနှစ်၊ ဇွန် လ၊ ၂၁ ရက်နေ့၊ နံနက်(၀၈း၃၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုက်ဝေးကားဂိတ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိူင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network DistributionCo,Ltd ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ(၃၅)ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးသိန်း ယာဉ်အမှတ် 7J-2781 ISUZU မော်တော်ယာဥ်နှင့် တင်ဆောင်၍လည်းကောင်း၊ အလားတူ ၉း၀၀အချိန်တွင်Myanmar Oil AllianceCo,Ltd မှတင်ပို့ရောင်းချသည့် စားအုန်းဆီ (၈၄)ပေပါကို ယာဉ်မောင်းဦးရဲနိုင်ဦး ယာဉ်အမှတ် 2I-7044 Nissan Diesel မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ထပ်မံ၍ယင်းနေ့ (၁၀း၃၀)အချိန်တွင် Kaung Hlyan New AsiaCo,Ltd မှတင်ပို့ရောင်းချသည့်စားအုန်းဆီ(၇၈)ပေပါကို ယာဉ်မောင်း ဦးဌေးဟန် ယာဉ်အမှတ် 7F-3777(Nissan ) မော်တော်ယာဉ်တို့ဖြင့် အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း (၁၉၇)ပေပါကို အဆိုပါ ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့တွင်းရှိ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)