ထားဝယ်မြို့ပေါ်တွင် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ ၊ နံနက် ၁၁း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေးဈေးကွက် စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထားဝယ်မြို့ပေါ်ရှိ သဟာယ စားသောက်ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။     

     အဆိုပါ စစ်ဆေးရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ် သန့်ရှင်းမှုရှိ/မရှိ၊အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)