ထားဝယ်မြို့တွင် Signal သွားတိုက်ဆေးအတုများ ရောင်းချနေမှုများ ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့၊ နေ့လယ် ၁၂း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌‌ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် Signal သွားတိုက်ဆေးအတုများ ရောင်းချနေမှု များ ရှိ/မရှိ စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။

   အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် ရုံးချုပ်၏ညွှန်ကြားချက်အရ စျေးကွက်အတွင်းဝင်‌ရောက်လာသော တရားမဝင် Signal သွားတိုက်ဆေးအတုများ ရောင်းချနေမှု ရှိ/မရှိ၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါရှိ မှုရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား တရားမဝင်အတုအပပစ္စည်းများ ရောင်းချခြင်းများ မပြုလုပ်ရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)