
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၂၂.၆.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ပီယန်(ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရုပ်ပျို အမှတ်တံဆိပ်ပါ သွေးတိုးရောဂါဆေးပြား တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင် ဒေါ်ဂျာဂူအောင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ကချင်)