စက်မှုဇုန်(၃)ရှိ ဆန်သိုလှောင်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဉီးစီးမှူးသည် (၂၀.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် အမှတ်(၁၄၂)၊ ဉီးရွှေဘင်လမ်း၊ စက်မှုဇုန်(၃)ရှိ ဆန်သိုလှောင် ရုံသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပိုင်ရှင်ဖြစ်သူ ဉီးသိန်းအောင်မှ ဆန်ကြမ်းများသာ သိုလှောင်ထားပါ ကြောင်း၊ ဧရာဝတီတိုင်းမှ ဝယ်ယူရရှိပြီး မြို့နယ်အသီးသီးသို့ ဖြန့်ဝေရောင်းချပေးကြောင်း၊ လက်ကျန် မှာလည်း အများကြီးမရှိပါကြောင်း၊ ဈေးနှုန်းမှာလည်း သင့်တင့်သောဈေးနှုန်းဖြင့်သာ ပြန်လည်ရောင်း ချပါကြောင်း၊ အရောင်းဘောင်ချာများနှင့် ဝယ်ယူသည့်ဘောင်ချာလည်း ထားပါကြောင်း၊ နေ့စဉ် အဝင်/အထွက်စာရင်းများလည်း လယ်ဂျာများထားရှိပါကြောင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆန်များ ကိုဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိခဲ့လျှင် ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)