တရုတ်နိုင်ငံ (GACC) သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင်ရေး Working Task Force အဖွဲ့ ညှိနှိုင်းအစည်းအဝေး

Powered by Drupal

နေပြည်တော်၊ (၁-၈-၂၀၂၂)

           တရုတ်နိုင်ငံ (GACC) သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင် ရေး အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံ/ အခြောက်ခံစက်/ နေလှန်းကွင်းများ စစ်ဆေးခဲ့မှုအပေါ် စိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေး Working Task Force အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁-၈-၂၀၂၂ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ Working Task Force အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်များဖြစ်သည့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်(MITS) မှ အုပ်ချုပ်မှုဒါရိုက်တာ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

            အဆိုပါအစည်းအဝေးတွင် Working Task Force အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ (GACC) နှင့် မြန်မာနိုင်ငံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) တို့အကြား မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်နိုင်ငံ (GACC) သို့ တင်ပို့နိုင်ရေးအတွက် အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံ/ အခြောက်ခံစက်/ နေလှန်းကွင်းများစစ်ဆေးခဲ့မှုအပေါ် စိစစ်ခဲ့ ရာ ပထမအကြိမ်အဖြစ် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုမ္ပဏီ (၈၆) ခုအား စိုက်ပျိုးရေးဦးစီးဌာနမှ Registration Code အမှတ်များနှင့်အတူ  GACC သို့ပေးပို့ထားပြီးဖြစ်ပါကြာင်း၊ ဆက်လက်၍ ဒုတိယ အကြိမ် ထပ်မံစိစစ်ရွေးချယ်ထားသည့် ကုမ္ပဏီ (၂၂)ခုအား ဆက်လက်ပေးပို့နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြန်လည်စိစစ်ပေးရန် ညှိနှိုင်းလာသည့် ကုမ္ပဏီ (၃) ခုနှင့် အသင်းမှ တင်ပြလာသည့် ကုမ္ပဏီ (၁) ခု၊ စုစုပေါင်း ကုမ္ပဏီ (၄) ခုတို့အား ပြန်လည်စိစစ်ရွေးချယ်ပေး နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြန်လည်စိစစ် ရွေးချယ်ပေးရန် တင်ပြလာသည့် ကုမ္ပဏီ(၄)ခု၏ သိုလှောင်ရုံများနှင့် အခြောက်ခံစက်များ၏ ပြင်ဆင် ဆောင်ရွက်ပြီးမှုအခြေအနေအား ဓာတ်ပုံမှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တက်‌ရောက်လာကြ သည့် Working Task Force အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံ (GACC) တွင် မှတ်ပုံတင်ခွင့်ရရှိရေး ဒုတိယအကြိမ်ပေးပို့မည့် ကုမ္ပဏီ(၂၂) ခုစာရင်းတွင် တစ်ပေါင်းတည်း ထည့်သွင်းသွားရန် ဆွေးနွေးခဲ့ကြပါသည်။

            တရုတ်နိုင်ငံ (GACC) သို့ ပထမအကြိမ်တွင် ကုမ္ပဏီ (၈၆) ခုစာရင်းအား ထားရှိပြီး ယခု ဒုတိယအကြိမ်ပေးပို့ရန် စီစဉ်ရွေးချယ်ထားသည့် ကုမ္ပဏီ (၂၆) ခုရှိသည့်အတွက် စုစုပေါင်းကုမ္ပဏီ (၁၂၂) ခုရှိကြောင်း သတင်းရရှိပါသည်။