၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ၁၁ လအတွင်း နီပေါနိုင်ငံမှ EV ကာများအား စံချိန်တင်တင်သွင်း

Powered by Drupal

   ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ၁၁ လ အတွင်းနီပေါနိုင်ငံသည် လျှပ်စစ်ကား (EVs) အရေ အတွက် အမြောက်အများအား စံချိန်တင်တင်သွင်းခဲ့ကြောင်းအကောက်ခွန်ဦးစီးဌာနက ဇွန်လ ၂၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။ ဇွန်လလယ်အထိ EV စုစုပေါင်းအရေအတွက် ၁၃၄၈၃ စီးရှိ ပြီး တရုတ်နိုင်ငံမှ တင်သွင်းသော EV များမှာ အစီးရေ ၁၀၁၉၄ စီး သို့မဟုတ် စုစုပေါင်းတင်ပို့မှု၏ ၇၆ ရာခိုင်နှုန်းရှိ ကြောင်း ဌာန၏ အဆိုအရသိရသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်နီပေါနိုင်ငံသည် EV ကားအစီးရေ စုစုပေါင်း ၁၁၇၀၁ စီးတင်သွင်းခဲ့သည်။ အထူးသဖြင့်မုန်သုံရာသီတွင် နီပေါနိုင်ငံ သည် ပိုလျှံသောရေ အားလျှပ်စစ်ထုတ်လုပ်နိုင်သောကြောင့် မကြာသေးမီနှစ်များ အတွင်း EV များတင်သွင်းမှုကို မြှင့်တင်ခဲ့ ပြီး နိုင်ငံ၏ EV အရောင်းအဝယ်သည် ပုဂ္ဂလိကခရီးသည်တင်ယာဉ် အားလုံးရောင်းဝယ်မှု၏ ၉၀ ရာခိုင် နှုန်းနှင့် ၂၀၃၀ တွင် နှစ်ဘီးတပ်ယာဉ်များ အပါအဝင် ပြည်သူပိုင် ခရီးသည်တင်ယာဉ်အားလုံး၏ ၇၀ ရာခိုင်နှုန်းအထိ တိုးမြင့်သွားရန် ရည်မှန်းထား ကြောင်းသိရသည်။

DOCA(ရန်ကုန်)