တာမွေမြို့နယ် ကျိုက္ကဆံလမ်းမပေါ်ရှိ အိမ်သုံးဆေးဝါး အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၂၃.၆.၂၀၂၅ ရက်နေ့ ၊နံနက် (၁၁:၀၀) နာရီအချိန်တွင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းမပေါ်ရှိ မြန်မာဆေးနှင့် နိုင်ငံခြားဆေး မျိုးစုံ အရောင်းဆိုင် (၄)ဆိုင်သို့  သွားရောက်၍ အိမ်သုံးဆေးဝါးရောင်းချမှုအခြေအနေများနှင့် ဆေးပြတ်လပ်မှု အခြေအနေများအား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ကွင်းဆင်းရာတွင် ဆေးစျေးနှုန်းအခြေအနေများမေးမြန်းခဲ့ပြီး ဆေးဝါးပြတ်လပ်မှုမရှိစေ ရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ၊ စပ်ဆေးများ ရောင်းချခြင်း မပြု ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

DOCA(ရန်ကုန်)