ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းနိုင် (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီ အချိန်တွင် ရန်ကင်းမြို့နယ်၊ ရန်ကင်း City Mark ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ City Mark အတွင်း ရောင်းချလျှက်ရှိသော ကလေးကစားစရာအရုပ်များတွင်  ကုန်အညွှန်းအမှတ်အသား များ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထား ခြင်း ရှိ/ မရှိ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ကြောင်း သိရသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ ကလေးကစားစရာအရုပ်များတွင်  ဘေးအန္တရာယ်ကင်းရှင်းစေရန် ကြိုတင် သတိပေးချက်များကို မဖြစ်မနေရေးသားဖော်ပြရမှာဖြစ်ကြောင်းနှင့် ကလေးများထိခိုက်မှု မရှိ စေရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)