မှော်ဘီမြို့နယ်တွင် Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးတာဝန်ခံတို့ ပူးပေါင်းပါဝင်လျက် ဈေးကွက်အတွင်း Signal သွား တိုက်ဆေးရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်(၅)ဆိုင်တွင် ရောင်းချသော Signal အမှတ်တံဆိပ်သွားတိုက်ဆေးများမှာ အစိုးရဌာနဆိုင်များ၏ သတ်မှတ်ချက်များ၊ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါရှိပြီး ဈေးကွက်အတွင်း Signal Cavity Fighter Toothpaste 150 g အတုများ ရောင်းချနေခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)