ရပ်ကွက်ကုန်မျိုးစုံဆိုင်များတွင် Signal သွားတိုက်ဆေးများ ရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  (၂၃.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်ပါ (၂)ဉီးတို့သည် တိုက်ကြီးမြို့နယ် အတွင်းရှိ ရပ်ကွက်ကုန်စုံဆိုင်များတွင် Signal သွားတိုက်ဆေးအတုများ ရောင်းချနေခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့စစ်ဆေးခဲ့ရာတွင် ပြည်လမ်းရှိ ဘူတာရပ်ကွက်၊ စန်းမလမ်းရှိ အိုးတန်းရပ်ကွက်တို့ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Signal သွားတိုက်ဆေးများမှာ အခန်း(၁၈)တွင် ဖော်ပြရ မည့်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထား၍ အလေးချိန်တွင်လည်း ဂရမ်ကိုမြန်မာလို ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသော ကုန်ပစ္စည်းများသာ ရောင်းချရန် ပြည့်စုံခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ‌ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)