ဈေးကွက်မရောက်မီ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်ရှိ စက်ရုံသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

  (၂၄.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်စက်မှုဇုန် ဇေကမ္ဘာ ဝင်းအတွင်းရှိ FM တိတ်၊ ပရုပ်လုံးစက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရန်ကုန်စက်မှုဇုန်(၅)ဇုန်ကော်မတီ ဥက္ကဌ ဉီးကျော်လွင်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဉီးကျော်သူရ၊ အကြီးတန်းစာရေးတို့ပါဝင်လျက် အမှတ်(၂၆၃)၊ (၆)လမ်း ရန်ကုန်စက်မှုဇုန်ရှိ FM တိတ်နှင့်ပရုပ်လုံးစက်ရုံတွင် စက်ရုံမှူး ဉီးဟိန်းထက်အောင်မှ ပရုပ်လုံး၊ တိတ်နှင့်နားကြပ်တံ (၃)မျိုးကို ထုတ်လုပ်ပါကြောင်း၊ ဒေသအသီးသီးသို့ ဖြန့်ဖြူးရောင်းချပါ ကြောင်း၊ ပစ္စည်းများကိုလည်း သတ်မှတ်စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ထားပါကြောင်း၊ သက်ဆိုင်ရာ အစိုးရဌာနများ၏ ထောက်ခံချက်များနှင့်ကုန်အညွှန်းအမှတ်အသားများကိုလည်း မြန်မာလိုရေးသား ဖော်ပြထားပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)