
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးသည် ၂၀၂၅ ခုနှစ်၊ ဇွန် လ( ၂၃ )ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်နှင့်လူသုံးကုန်များ လက်လီ/လက္ကားရောင်းချနေသော ကုန်စုံဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော Signal သွားတိုက်ဆေးအတုများရောင်းချနေမှု ရှိ/မရှိ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်နှင့်လူသုံးကုန်များ လက်လီ/လက္ကား ရောင်းချနေသော ကုန်စုံဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော Signal သွားတိုက်ဆေးအတုများ ရောင်းချနေမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် အထက်ဖော်ပြပါ Signal သွားတိုက်ဆေးအတု များအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိသော သွားတိုက်ဆေးများကိုသာ ဝယ်ယူရောင်းချကြရန် အသိပညာ ပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)