ထိုင်းနိုင်ငံထုတ်  အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           Thiri Cosmetic Co.,Ltd သည် ထိုင်းနိုင်ငံရှိ Better Way (Thailand) Co:,Ltdမှ ထုတ်လုပ်သည့် Mistine အလှကုန်ပစ္စည်းများအား မြန်မာနိုင်ငံ၌ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ကာ FDA ထောက်ခံချက်၊ Hologram (ရောင်ပြန်) စတေကာနှင့် မြန်မာစာ Labelling ကပ်၍ ဈေးကွက်အတွင်း တရားဝင်တင်သွင်းရောင်းချလျက်ရှိရာ ယခုအခါ ဈေးကွက်အတွင်း Mistine အလှကုန်ပစ္စည်းများအားတုပ၍ တရားမဝင် ဖြန့်ဖြူးရောင်းချလျှက်ရှိသည့် ပစ္စည်းများ တွေ့ရှိရကြောင်းသိရှိရသည့်အတွက် မြို့နယ်ဈေးကွက်အတွင်းရှိ/မရှိ သိရှိနိုင်ရန် (၁-၈-၂၀၂၂)ရက် နေ့ နေ့လည် (၂:၀၀)နာရီခန့်က သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် သံတွဲမြို့ ဒွါရာဝတီဈေးအတွင်းရှိ အလှကုန်ပစ္စည်းများရောင်းချသောဈေးဆိုင်များသို့ ဈေးကွက်စီစစ်ဆေးခဲ့ကြ ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဈေးအတွင်းအလှကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များအား မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်း အမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်းချက်နှင့်အညီ ဖော်ပြ၍ တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချရန်လိုအပ်ကြောင်း အကယ်၍ လိုက်နာဆောင်ရွက်မှုမရှိပါက ဉပဒေအရ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  Mistine အလှကုန်ပစ္စည်းများအား Thiri Cosmetic Co.,Ltdမှ FDA ထောက်ခံချက် Hologram ကပ်နှိပ်ထားသော ကုန်အညွှန်းအမှတ် အသားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော  အလှကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)