
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်များဈေးကွက်သို့မရောက်မီ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ဥပ ဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ရှိရာ ( ၁၉.၆၂၀၂၅ ) ရက်နေ့၊ နံနက် ( ၀၉:၃၀ ) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၁၉)ရပ်ကွက်ရှိ ဒို့ရိုးရာ လ္ဘက်လုပ်ငန်းခွင်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒို့ရိုးရာ လ္ဘက်လုပ်ငန်းသည် တစ်နေ့လျှင် လ္ဘက်အချိန် (၁၂)ပိဿာ သုံးစွဲရကြောင်း၊ ကြက်သွန် ဖြူ (၃)ပိဿာခန့်နှင့် ငရုတ်သီးစိမ်း (၄)ပိဿာနေ့စဉ်သုံးစွဲရပါကြောင်း၊ လ္ဘက်(ကုန်ကြမ်း)ကို မန္တလေးမြို့မှ ဝယ်ယူပြီး တစ်ပိဿာလျှင် ယခုအခါ (၁၂၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်း သိရပြီး ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၀၀၀)ကျပ် ရှိကြောင်း၊ လုပ်သားအနေဖြင့် အမျိုးသမီး (၅)ဦး ဖြင့် (၂၀၀)ကျပ်တန် အထုပ် (၂၀၀၀)ခန့် ထုတ်လုပ်ရောင်းချကြောင်း၊ ဖြန့်ဖြူးမှုအနေဖြင့် မိတ္ထီလာမြို့နှင့် ဒေသတွင်းသို့ ရောင်းချကြောင်း သိရှိရပါသည်။ ခရိုင်ဦးစီးမှူးမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ် သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီ ညွတ်ရန် အထူးအ လေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ စက်မှုလုပ်ငန်းသုံးဆီများကိုလည်း လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေး၊ ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများ ဘေး အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့် ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)