ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ အလှကုန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ပင်လုံရပ်ကွက်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား( ၂၇.၇.၂၀၂၂ )ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းဝင်း ဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထိုင်းနိုင်မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် Better Way ( Thailand ), Co.,Ltd မှ FDA ထောက်ခံချက်များဖြင့် Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများသည် Hologram ( ရောင်ပြန် ) စတစ်ကာနှင့် မြန်မာစာ  Labelling ကပ်၍ ဈေးကွက်အတွင်းသို့ တရားဝင်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ၎င်းအလှကုန် ပစ္စည်းများကို တုပ၍ တရားမဝင်ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပေါ် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်က အရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြလာရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်း အရောင်းဆိုင်များအနေဖြင့် Mistine အလှကုန်များကို တရားဝင်ကုမ္ပဏီများမှ ဝယ်ယူရောင်းချပါကြောင်းနှင့် ရောင်းချသည့် Mistine အလှကုန်များတွင် Hologram ( ရောင်ပြန် ) စတစ်ကာနှင့် မြန်မာစာ Labrlling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)