ပြည်ပသို့ တန်ပေါင်းများစွာတင်ပို့နိုင်သော်လည်း ဈေးကောင်းရရှိမှု နည်းပါးနေသည့် နော်ဝေးနိုင်ငံ၏ ဆဲလ်မွန်ငါး (salmon) ဈေးကွက်

Powered by Drupal

          နော်ဝေနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမသုံးလအတွင်း၌ ပြည်ပသို့ ဆဲလ်မွန်ငါး (salmon) စုစုပေါင်း ၂၈၅,၁၆၃ တန် တင်ပို့နိုင်ခဲ့ပြီး ဈေးတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံအထိ ရရှိခဲ့ကြောင်း သိရှိရပါသည်။ တင်ပို့ပမာဏအား ယခင်နှစ်များဖြင့် နှိုင်းယှဉ်ရာတွင် တန်အလေးချိန်အားဖြင့် ၁၆% အထိ မြင့်တက် လာခဲ့သော်လည်း ဝင်ငွေရရှိမှု ပမာဏမှာ (၆%) အထိသာ တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။ ပြည်ပသို့ ဆဲလ်မွန်ငါး (salmon)ငါး တင်ပို့မှု များလာသောလည်း အပြိုင်ဈေးကွက်များလာမှုနှင့်၊ ဈေးကောင်းရရှိမှု နည်းပါးသည့် အခြေအနေများကြောင့် ပြည်ပပို့ကုန်ဝင်ငွေရရှိမှု အနည်းငယ်သာ တိုးတက် လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)