ပြည်ပဲကြီးသီးနှံ ပဲကြော်ဖိုလုပ်ငန်းသမားများနေ့စဉ် အဝယ်ရှိ   

Powered by Drupal

          ပြည်ဈေးကွက်အတွင်း ပဲဈေးနှုန်းလည်းအမြင့်ရနေသလို အရောင်းအဝယ်လည်း နေ့စဉ် ပုံမှန်ဖြစ်နေသော  ပဲကြီးသီးနှံကို ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူ နေခဲ့သောကြောင့် လက်လီ/ လက်ကား အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများမှ နေ့စဉ်ဝယ်ယူနေပြီး တစ်ရက်အိတ် ၂၀၀ကျော် ပုံမှန်ဝယ်နေခဲ့သလို ပဲဈေးနှုန်းများအနေဖြင့် ပဲကြီး (ရွှေကျွန်း)တစ်တင်း ၇၇၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၇၀၀၀၀ကျပ်တို့ဖြင့် အသီးသီးရောင်း ဝယ်နေခဲ့ကာ ဈေးကွက်အတွင်း နှစ်စဉ်လိုလို ဈေးကောင်းသော သီးနှံအမျိုးအစားထဲတွင် ပါဝင် နေခဲ့ပါသည်။ ယခင်နှစ်ကပဲဈေးအားလုံး ဈေးအေးခဲ့သော နှစ်မှာပင် ပဲကြီးသီးနှံဈေးအနေဖြင့် ကျပ် ၃သောင်းကျော် ၄သောင်းနီးပါးအထိ ရရှိခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)