ပြည်ပဲဈေးကွက်သို့  မိုးပဲတီစိမ်းသစ်များ နေ့စဉ်ဝင်ရောက်လာ

Powered by Drupal

        ပြည်ဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များ ဇွန်လအတွင်းမှစ၍ ဈေးကွက်သို့ဝင်ရောက်လာခဲ့ကာ ယခုအချိန်မှာလည်း နေ့စဉ်ဝင်ရောက်လျှက်ရှိပေမယ့် အထွက်မလှိုင်သေး၍ အမြောက်အများ ဝင်ရောက်ခြင်းမရှိသေးသော်လည်း ဝင်လာသမျှ ပဲသစ်များအနေဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါ သည်။ မန္တလေးလိုင်းသမားအဓိက အဝယ်ရှိကာ ပဲတစ်တင်း ၄၆၀၀၀ ကျပ် ဖြင့်ရောင်းဝယ်လျှက် ရှိခဲ့ပါသည်။ ယခုနှစ်တွင် ပဲတီစိမ်းသီးနှံဈေးမှာ တစ်တင်းလျှင် ကျပ် ၄သောင်းကျော် ရရှိသည့် အတွက် ယခင်နှစ်ဈေးထက်စာလျှင်  တစ်တင်းလျှင် ကျပ် ၁သောင်းကျော် ဈေးမြင့်တက်ခဲ့ပါသည်။ ယခင်နှစ်ကဇူလိုင်လအတွင်း   ပဲသစ်ဝင်ရောက်ခြင်း   မရှိခဲ့ပေမယ့်    ယခုနှစ်မှာ ပဲသစ်အဝင် စောလာသောကြောင့် ဇွန်လမှစ၍ ပဲဈေးကွက်အတွင်း စတင်ဝင်ရောက်ခဲ့ကာ ရောင်းဝယ်နေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)