ပြည်မြေပဲဆန်ဈေးများ မြင့်တက်လာ

Powered by Drupal

            ဇူလိုင်လနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ မြေပဲဆန်ဈေးများ မြင့်တက်လာခဲ့ပါသည်။ ပြည်ခရိုင်၊ ရွှေတောင်ဘက်မှ မြေပဲဆန်များတစ်နေ့လျှင် အိတ် ၁၀၀/၁၅၀ခန့် ဝင်ရောက်မှု့ရှိနေသော်လည်း ဈေးကွက်တွင် မြေပဲလက်ကျန်များ နည်းလာသဖြင့် ဈေးမြင့်တက်လာခဲ့သည်ဟု သိရှိရပါသည်။ ဆီစက်သမားများကလည်း ဆီကြိတ်ရန်အဝယ်ရှိသဖြင့် ဆီကြိတ်မြေပဲဆန်များ ဈေးမြင့်တက်လာခဲ့သလို မြေပဲဆီဈေးမှာလည်းမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ မြေပဲဆန် လက်လီအရောင်းသမားများနှင့် ဒေသတွင်းမြေပဲလှော်ဖို၊ မြေပဲကြော်ဖိုများမှလည်း လုံးဆန်ကို အဝယ်ရှိသဖြင့် ဈေးမြင့်တက်လာသည်ဟု သိရှိရပါသည်။

          မြေပဲဆန်ဈေးများမှ ဇူလိုင်လနောက်ဆုံးပတ်တွင် မြေပဲဆီဆန် တစ်ပိဿာလျှင် ၄၈၀၀-၅၀၀၀ကျပ်နှင့် မြေပဲလုံးဆန် တစ်ပိဿာလျှင် ၅၁၅၀-၅၂၀၀ကျပ် အထိဈေးများ မြင့်တက်လာခဲ့ပါသည်။ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် နှမ်းဆီဈေးထက်စာလျှင် ဈေးများ မြင့်တက်လာခဲ့ပါသည်။

DOCA(ပဲခူး)