ပြည်အာလူး ပုံမှန်အရောင်းအဝယ်ဖြစ်

Powered by Drupal

           ပြည်ဈေးကွက်ရှိ ရှမ်းအားလူးများမှာ ဈေးနှုန်းအနေဖြင့် ယခင်ရက်များက လက်ကား တစ်ပိဿာလျှင် ကျပ် ၁၉၀၀-၂၀၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၂၀၀-၂၄၀၀ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တွင် လက်ကားကျပ် ၁၈၀၀-၁၉၀၀၊ လက်လီ ကျပ် ၂၅၀၀-၂၈၀၀ဈေးရှိသည့်အတွက် ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက လက်ကားအနေဖြင့် တစ်ပိဿာလျှင် ၁၀၀ကျပ်၊ လက်လီတစ်ပိဿာလျှင် ကျပ် ၃၀၀-၄၀၀ဈေးပိုလာသည်ကို တွေ့ရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရှိ လက်လီဝယ်ယူသူနှင့် လုပ်ငန်းရှင်များဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းဘက်မှ ရှမ်းအာလူးများသာ အဝင်ရှိပြီး တစ်နေ့လျှင် ပိဿာချိန် ၃၀ ဝင်ဆံ့သောအိတ် ၅၀ မှ ၁၀၀ အတွင်း ပုံမှန် အဝင်ရှိလျှက်ရှိပါသည်။

DOCA(ပဲခူး)