အင်ဒိုနီးရှားနိုင်ငံသည် ရုရှားဦးဆောင်သော EAEU အဖွဲ့ နှင့် Free Trade Agreement – FTA စာချုပ်များ ချုပ်ဆို

Powered by Drupal

           အင်ဒိုနီးရှားနိုင်ငံသည် ရုရှားနိုင်ငံမှ ခေါင်းဆောင်၍ ဘီလာရုစ်၊ ကာဇတ်စတန်၊ အာမေးနီးယားနဲ့ ချက်ခ်နိုင်ငံတွေ ပူးပေါင်းထားတဲ့ စီးပွားရေးပေါင်းဖွဲ့မှု အဖွဲ့တစ်ခု ဖြစ်သော Eurasian Economic Union (EAEU) နှင့်  အခမဲ့ကုန်သွယ်ရေးစာချုပ် (Free Trade Agreement - FTA) များ ချုပ်ဆိုသွားမည် ဖြစ် ကြောင်း ဇွန်လ ၂၃ ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။ အဆိုပါ စာချုပ်ပါသဘောတူညီချက် များ ကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏အဓိကစိုက်ပျိုးရေးထုတ်ကုန်များဖြစ်သော ဆီအုန်း နှင့် ကော်ဖီများ ကို EAEU ၏ ဈေးကွက်သို့ ပိုမိုလွယ်ကူစွာ တင်ပို့လာနိုင်မှာဖြစ်သည့်အပြင် EAEU ၏ အဖွဲ့ဝင် နိုင်ငံ များဖြစ်သော ရုရှား၊ ကာဇတ်စတန်၊ ဘီလာရုစ်၊ အာမေးနီးယားနှင့် ချက်ခ် တို့ထံမှ ဓာတ်မြေသြဇာများကို အင်ဒိုနီးရှားနိုင်ငံထံသို့ အခွန်လျော့နည်းစျေးနှုန်းဖြင့် တင်သွင်းလာနိုင်မည်ဖြစ်ပါတယ်။ ဤကဲ့သို့ အပြန်အလှန်ဝန်ဆောင်မှုများသည် စိုက်ပျိုးရေးထုတ်လုပ်မှုအတွက် အကျိုးရှိစေမည် အပြင် ပုံမှန်အခွန်များ လျော့နည်းခြင်းကြောင့် ထုတ်ကုန်ဈေးပြိုင်နိုင်မှု မြင့်မားလာမည်ဟုလည်း မျှော်လင့်နေကြပါတယ်။

DOCA(ဧရာဝတီ)