သတ္ထုများဈေးကျနေချိန်တွင် သံမဏိလုပ်ငန်းအတွက် သတ္တုတင်သွင်းမှုများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ

Powered by Drupal

             ၂၀၂၅ ခုနှစ်န ဇွန်လအတွင်း၌ တရုတ်နိုင်ငံသည် သံမဏိလုပ်ငန်းတွင် အသုံးပြုသည့် သတ္တုများကို စုစုပေါင်း ၁၁၀ မီလီယံ တန်ချိန်အထိ တင်သွင်းနေကြောင်းသိရှိရပါတယ်။ ယင်းသတင်းအရေအတွက်သည် ယခင်လများထက် တိုးလာခြင်းဖြစ်ပြီး၊ ဈေးနှုန်းကျဆင်းလာမှုနှင့် သတ္တုကို ကြိုတင်သိုလှောင်လိုသည့် မျှော်မှန်းချက်များကြောင့် ဆောင်ရွက်နေသည်ဟုလည်း နိုင်ငံတကာသတင်းရေးသားသူများက သုံးသပ် နေကြ သည်ကိုလည်း တွေ့ရှိရပါတယ်။

             တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး သံမဏိထုတ်လုပ်သူဖြစ်သည့်အတွက်၊ iron ore သတ္တုများကို အများဆုံးလိုအပ်နေသော နိုင်ငံဖြစ်သည့်အတွက် သတ္တုဈေးနှုန်းများ ကျဆင်းလာချိန်တွင် တရုတ်လုပ်ငန်းများသည် ငွေသက်သာစွာဖြင့် သတ္တုများ ဝယ်ယူ၍ သိုလှောင်နေကြခြင်းပင်ဖြစ်ပါသည်။ ယခုကဲ့သို့ သတ္တုသွင်းမှုတိုးလာခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးအနာဂတ်အတွက် မျှော်လင့်ချက်ရှိလာကာ ထုတ်လုပ်မှုမြှင့်မားနိုင်မည်ဟု ယူဆနိုင်သော်လည်း ကမ္ဘာ့ဈေးကွက်အပေါ်တွင်လည်း သက်ရောက်မှု ရှိလာနိုင်သည်ဟု နိုင်ငံတကာ သတင်းတင်ဆက်မှုများအရ သိရှိရပါတယ်။

DOCA(ဧရာဝတီ)