
နိုင်ငံတကာ ကုန်စည်နှင့် ဈေးကွက် သတင်းအချက်အလက် ပေးပို့သောကုမ္ပဏီ တစ်ခုဖြစ်တဲ့ "Independent Commodity Intelligence Services" (ICIS) မှ ထုတ်ပြန်သောနောက်ဆုံးအစီရင်ခံစာများ အရ အာရှဒေသအတွင်းရှိ ဓာတုဈေးကွက်များတွင် စျေးနှုန်းပြောင်းလဲမှုများ ဖြစ်ပွားနေကြောင်းသိရှိရပါသည်။ အဆိုပါပြောင်းလဲမှုများသည် ထုတ်လုပ်သူများ၊ ဝယ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းအသစ်များ ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များကလည်း သုံးသပ်နေကြပါသည်။
ဓာတုဈေးကွက်များတွင် စျေးနှုန်းပြောင်းလဲရခြင်း၏ ပထမအချက်မှာ တရုတ်နိုင်ငံမှ PVC (Polyvinyl Chloride) ပစ္စည်းများ တင်ပို့မှုမြင့်တက်လာနေခြင်းကြောင့်၊ ဒေသတွင်းတွင် ဈေးနှုန်းချိုသာလာခြင်းကြောင့်ပင် ဖြစ်ပါတယ်။ ဒုတိယအချက်မှာ အီရန်နိုင်ငံရှိ ဓာတုစက်ရုံအချို့ ပိတ်ထားရသဖြင့် Methanol နှင့် Acetic Acid တို့၏ ရရှိနိုင်မှုလျော့နည်းလာသသည့်အတွက် ဈေးကွက်တွင် လိုအပ်မှုမြင့်လာခြင်းကြောင့် ဈေးနှုန်းများ တဖြည်းဖြည်းတက်လာနေခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရှိရပါသည်။
DOCA(ဧရာဝတီ)