
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၂၃.၆.၂၀၂၅)ရက်နေ့၊နံနက်(၀၈:၃၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ဘုရား ကြီးလမ်းနှင့် သိပ္ပံလမ်းရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီရောင်းချသော လက်လီဆိုင်များအနေဖြင့် ဆီ ဖြန့်ဖြူးသူ ကိုယ်စားလှယ်ထံမှခွဲဝေရရှိသည့် စားအုန်းဆီများကို (၂%) အမြတ်၊ သယ်ယူစရိတ်ပေါင်း ၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြောင်း စိစစ်တွေ့ရှိရပါသည်။ စားအုန်းဆီလိုအပ်ချက် အပေါ် ဝယ်ယူရောင်းချသည့် ဗူးသွပ်ဆီများ၊ ရောနှောဆီများ ရောင်းချမရှိကြောင်းလည်း တွေ့ရှိ ရပါသည်။ စားသုံးဆီ ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင် သည့် အကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စားအုန်းဆီ အရောင်းဆိုင် (၅)ဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)