
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်မိတ်ဘက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ (၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် အင်္ဂပူမြို့မစည် ပင်သာယာဈေး အတွင်းရှိ စတိုးဆိုင် နှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော Signal သွားတိုက်ဆေးများအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန် စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ Unilever EAC Myanmar Co.,Ltd အမှတ်တံဆိပ်ပုံစံတူ “ Signal သွားတိုက်ဆေးဗူးအတုများ” ရောင်းချမှုရှိ /မရှိ ကွာခြားမှုဖော်ပြချက်များနှင့် ကိုက်ညှိ စစ်ဆေးကာ ဈေးကွက်အတွင်း တုပရာင်းချသော ကုန် စည်များ ရောင်းချမှုမရှိကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ် ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပစ်ဒဏ် များအကြောင်း စသည်တို့ ကို အသိပညာပေးပြောကြားခဲ့ပြီး၊ အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)