
ကမ္ဘောဒီးယားနိုင်ငံသည် "Made in Cambodia" အမှတ်တံဆိပ်ဖြင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် တင်သွင်းရောင်းချခြင်းဖြင့် အမှတ်တံဆိပ်အသိအမှတ်ပြုမှု တိုးတက်လာ ကြောင်း သိရှိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်လုပ်သော အထည်အလိပ်၊ စားသောက်ကုန်နှင့် လက်မှု ထုတ်ကုန်များမှာ ဥရောပနှင့် တောင်အာရှဈေးကွက်များမှ အမှာအများဆုံး တင်ပို့ကုန်များဖြစ်သည့် အလျှောက် အဆိုပါတင်ပို့ကုန်များတွင် အမျိုးသားကုန်အမှတ်တံဆိပ်ဖြစ်သည့် "Made in Cambodia" အမှတ်တံဆိပ်ဖြင့် ထုတ်ကုန်များကို တင်ပို့ခြင်းအားဖြင့် ကောင်းမွန်သော စီးပွားရေးအခွင့်အလမ်းကောင်း များဖန်တီး သွားမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)