
ဖိလစ်ပိုင်နိုင်ငံ နှင့် တရုတ်နိုင်ငံ တို့သည် တောင်တရုတ်ပင်လယ်အတွင်း တည်ရှိသော ပင်လယ် ရေအရင်းအမြစ်များကို တာရှည်ခံစွာ ထိန်းသိမ်းနိုင်ရန်နှင့် ငါးဖမ်းလုပ်ငန်းများအား တိုးတက် ဖွံ့ဖြိုး စေရန်အတွက် ရည်ရွယ်၍ “Sustainable Fisheries Development Project” ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါစီမံကိန်းသည် ပင်လယ်ငါးမျိုးစုံ ရေရှည်တည်တံ့နိုင်ရေးနှင့် ပင်လယ်မှ ထွက်ရှိ လာသော ဓာတ်ငွေ့အရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲသည့် နည်းပညာအသစ်များလည်း ထည့် သွင်းထားကြောင်း သိရှိရပါတယ်။ ယင်းညှိနှိုင်းဆောင်ရွက်မှုသည် သဘာဝပတ်ဝန်းကျင်အတွက်လည်း အကျိုး ရှိစေမည်ဟု မျှော်လင့်ထားသကဲ့သို့ ငါးဖမ်းလုပ်ငန်း၏ စီးပွားရေး တည်တံ့မှုနှင့် ဒေသခံငါးဖမ်း သူ များ ၏ အကျိုးစီးပွားများ ပိုမိုကောင်းမွန်လာရန် လည်း ဤစီမံကိန်းက ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)